Ease of Doing Business

သမဝါယမဘဏ်လီမိတက် (CB Bank ) ၏ CB Pay & Internet Banking မှ တစ်ဆင့် အခွန်ပေးဆောင်နိုင်ခြင်း

Last Updated:

Paying Taxes Indicator ၏ အဆင့်နှင့် ရမှတ်များ တိုးတက်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျှက် ရှိရာ  E- Payment စနစ်တစ်ခုဖြစ်သည့် သမဝါယမဘဏ်လီမိတက် (CB Bank  ) CB Pay & Internet Banking  စနစ် ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁ ၊ ၂ ၊ ၃ ၊ ၄) တွင် အခွန်ပေး ဆောင်နေသည့်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Tin ရရှိပြီးသည့် ကုမ္ပဏီများ အနေဖြင့် ၂၇- ၁-၂၀၂၀ ရက်နေ့မှစ၍ သမဝါယမဘဏ်လိမိတက် ( CB Bank  )၏ CB Pay & Internet Banking  မှ တစ်ဆင့် အခွန်ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာထားသည့် စာစောင်အား အများပြည်သူများ သိရှိနိုင်ပါရန် ပူးတွဲ ဖော်ပြအပ်ပါသည်။